ဆီဆိုင်မြို့နယ်တွင် ဒေသထွက်ရာသီပေါ်နာနတ်သီးများ ရောင်းချခြင်းဖြင့် တောင်သူများ မိသားစုအပိုဝင်ငွေရရှိ


 

ဆီဆိုင်   ဩဂုတ် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဒေသထွက် ရာသီပေါ် နာနတ်သီးများ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ဘန့်ဗွေ့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံနာနတ်သီးစိုက်တောင်သူများက ဆီဆိုင်-ဟိုပုံး-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျောင်းချယ်ကျေးရွာတွင် ယာယီဈေးဆိုင်တန်းများဖြင့် ဒေသထွက် နာနတ်သီးများအား ရောင်းချလျက်ရှိရာ ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များ အဓိကလာရောက် ဝယ်ယူစားသုံးလျက်ရှိပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး စသည့်မြို့များကိုပါ တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။   

အဆိုပါ ဒေသထွက်ရာသီပေါ်နာနတ်သီးများသည် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့တွင် အများဆုံးထွက်ရှိ၍ ဈေးနှုန်း အားဖြင့် နာနတ်သီးတစ်လုံးလျှင် ငွေကျပ် ၁၀၀၀ မှ ၃၀၀၀ နှုန်းအထိရှိပြီး ပျားရည်နာနတ်သီးတစ်လုံးလျှင် ငွေကျပ် ၃၀၀ နှုန်းမှစ၍ အလုံးအရွယ်အစားအပေါ်မူတည်၍ ရောင်းချလျက်ရှိကြသည်။ ထိုသို့ ရောင်းချရာတွင် တစ်ရက်လျှင် ပုံမှန်အားဖြင့် နာနတ်သီးလုံးရေ ၁၅၀ လုံးခန့် ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိလျက် ရှိကြောင်း နာနတ်သီးစိုက်ပျိုးသည့် ဒေသခံတောင်သူ၏ ပြောကြားချက်အရ သိရသည်။

မြို့နယ်(ပြန်/ဆက်)



No comments

Powered by Blogger.