ညောင်ဦးမြို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
ညောင်ဦး
ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့်
ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နိုင်ရေးနှင့် ပြောင်းရွှေ့နေထိုင်ကြသူများ အဆင်ပြေချောမွေ့စေရေး
ညောင်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ
ညောင်ဦးမြို့နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ
ယာယီဥက္ကဋ္ဌ ဦးလှိုင်းကျော်စိုး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းပိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည်
ဩဂုတ် ၁၁ ရက် နံနက် ၉ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့်
အိမ်ထောင်စု(၉၅)စု၊ လူဦးရေ (၃၅၄)ဦးတို့အား ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ထားလျက်ရှိကာ
ရေဘေးကြောင့် ယာယီပြောင်းရွှေ့လျက်ရှိကြသည့် ရေဘေးရှောင်ပြည်သူများ အဆင်ပြေချောမွေ့စေရေး
အတွက် လိုက်လံကြည့်ရှုစစ်ဆေးခြင်း၊ ရေဝင်ရောက်သည့် မြေနိမ့်ပိုင်းရပ်ကွက်များ အား ကြည့်ရှုစစ်ဆေးခြင်းနှင့်
ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်းထမ်းများက ကူညီပြောင်းရွှေ့နေမှုများအား
ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း


No comments