နေပြည်တော်၊ ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် တရားမဝင်သစ်များဖမ်းဆီးရမိ




နေပြည်တော် ဩဂုတ် ၁၁

           

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။


ထို့သို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃ ရက် မှ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂ဒသမ၂၈၅၄)တန်၊ သစ်မာ (၀ဒသမ၂၁၇၈)တန်၊ အခြား (၂၁ဒသမ၃၈၂၂)တန်၊ စုစုပေါင်း(၂၃ဒသမ၈၈၅၄)တန်၊ ယာဉ်/ယန္တရား (၂)စီး၊ တရားခံ (၇)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှသိရသည်။


(သတင်းစဉ်)

No comments

Powered by Blogger.