ဟင်္သာတမြို့၌​ ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ်လှုပ်ရှားမှု ဆောင်ရွက်

 


ဟင်္သာတ သြဂုတ် ၂၆

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။

 

အဆိုပါ ကျောင်းကျန်းမာရေးလှုပ်ရှားမှုကို ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အသက်အုပ်စုအလိုက် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ အခြေခံပညာ ကျောင်းသား ကျောင်းသူများအား ကျောင်းအခြေပြု ပဏာမမျက်စိကျန်းမာရေး စစ်ဆေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ Student Record Card များဖြင့် စနစ်တကျ ဖြည့်သွင်းခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း၊ ပျိုရွယ်သူ ကျောင်းသူများအား သံဓာတ်အားဆေးတိုက်ကျွေးခြင်း၊ KG ကျောင်းသားများအား အဏုအာဟာရ ဆေးမှုန့်များ အသုံးပြု၍ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

 

အဆိုပါ ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုတွင် ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်နှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ဟင်္သာတသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား သင်တန်းသူများ၊ ပညာရေးဝန်ထမ်းများ၊ ဟင်္သာတခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.