မိုင်းယုမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြော
မိုင်းယု ဩဂုတ် ၂
မိုင်းယုမြို့၌ (၁၄)ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က မြို့မရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ရှင်းလင်းပြောကြား
အခမ်းအနားတွင် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှမိုးက ဟောပြောပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မိုင်းယုနယ်မြေ စခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်းက လူကုန်ကူးသူများ အဓိကအသုံးပြု လေ့ရှိသည့် လှည့်စားသွေးဆောင် နည်းလမ်းများ ဖြစ်သော တိုင်းတစ်ပါးတွင် အလုပ်အကိုင် ကောင်းများရမည်ဟု မက်လုံးပေးခြင်း၊ လူမှုကွန်ရက် (Social Media) စာမျက်နှာများမှတစ်ဆင့် မိတ်ဖွဲ့ကာ ယုံကြည်မှုတည်ဆောက်၍ လိမ်လည်ခေါ်ဆောင်ခြင်း စသည့် အချက်များကို ကျောင်းသား ကျောင်းသူများ နားလည် သဘောပေါက်စေရန် ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်

No comments