ကျိုက်ထိုမြို့နယ်၌ အသိပညာပေးဟောပြော

 


ကျိုက်ထို ဩဂုတ် ၂


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အသိပညာများ တိုးပွားစေရန် ရည်ရွယ်၍ မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း ရာပြည့်ခန်းမ၌ ပြုလုပ်သည်။


ဦးစွာ ကျိုက်ထိုမြို့မရဲစခန်းမှူး ဒုရဲမှူးကျင်နိုင်က မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ သက်ငယ် မုဒိမ်း လျော့နည်းကျဆင်းရေးနှင့် မှုခင်းကျဆင်း‌ရေး အသိပညာ ပေးဟော‌ပြော‌ပြီး အမှတ်(၇၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (သထုံ) တပ်ဖွဲ့စိတ်(ကျိုက်ထို)မှ ခေတ္တ တပ်ဖွဲ့စိတ်မှူး ရဲအုပ်နိုင်ထွန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်နှင့် ပတ်သက်သည့် သတ်မှတ်နံပါတ်ပြား မတပ်သော မော်တော်ယာဉ်များနှင့် ပတ်သက်သည့် ဥပဒေတားမြစ်ချက်များ၊ ပြစ်ဒဏ်များနှင့် ပါဝါအိတ်‌ဇောတပ် မော်တော်ယာဉ်များနှင့် ပတ်သက်သည့် ဥပဒေတားမြစ်ချက်များကို ဟောပြောသည်။


ဆက်လက်၍ အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု(သထုံ)မှ ရဲအုပ် အောင်ဇော်ထိုက်က မူးယစ်ဆေးဝါး အမျိုးအစားများ၊ Happy Water မူးယစ်ဆေးဝါး အန္တရာယ်နှင့် မူးယစ်ဆေးဝါး သုံးစွဲ‌ခြင်းကြောင့် ရရှိနိုင်သည့် ဆိုးကျိုး‌များကို ဟောပြာခဲ့ကြောင်း သိရသည်။


 ပြည့်ဖြိုး(ပြန်/ဆက်)

No comments

Powered by Blogger.