ကြည့်မြင်တိုင်မြို့နယ်၌ ခွေးရူးပြန်ရောဂါကာကွယ်တိုက်ဖျက်ရေး အသိပညာပေး
ရန်ကုန် ဩဂုတ် ၂
ခွေးရူးပြန်ရောဂါ ကာကွယ်တိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့တွင် ကြည့်မြင်တိုင် မြို့နယ် ဘုရားငါးဆူဓမ္မာရုံ၌ ပြုလုပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သက်မာနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးညီညီတို့က အမှာစကားပြောကြားပြီး အလုံခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီလာကျော်နှင့် ဒုတိယလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်ထွန်း၊ ဒုတိယလက်ထောက်ဦးစီးမှူး ဦးဟိန်း ထက်နိုင်တို့က အသိပညာပေးဟောပြောကာ မကျည်းတန်း (မြောက်၊ အရှေ့)နှင့် သာဓု(အနောက်)ရပ်ကွက်တို့မှ ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တင်ဝင်းလေး(ကြည့်မြင်တိုင်)

No comments