အိမ်မဲမြို့နယ်၌ သမဝါယမအသင်းသားများအား စီမံကိန်းသွင်းအားစုများပေးအပ်
အိမ်မဲ ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ဆိတ်ချေးကုန်းကျေးရွာတွင် ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းက ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ဖြည့်စွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် သက်တန့်ရောင်စီမံကိန်း လုပ်ငန်း ဆောင်ရွက်မည့် ထွန်းရွှေဝါကြီး စိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်း သမဝါယမအသင်း လီမိတက်အတွက် စီမံကိန်းရန်ပုံ ငွေ ၁၀၂ သိန်းတန်ဖိုးရှိ သွင်းအားစုများကို ပေးအပ်သည်။
ဦးစွာ အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အမှာစကားပြောကြားပြီး မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မင်းသိန်းက သွင်းအားစုများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားသည်။
ထို့နောက် အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင်၊ သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ထွန်းရွှေဝါကြီး စိုက်/ ထွေ သမဝါယမအသင်းသား တောင်သူများအား သွင်အားစု ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)

No comments