ငါးရက်အတွင်း ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့မှ အာဖဂန်ဒုက္ခသည် ၈၆၀၀ ကျော် နေရပ်ပြန်လာ

 


ကဘူးလ်  ဩဂုတ်  ၃၁

အိမ်နီးချင်း  ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့မှ လွန်ခဲ့သည့် ငါးရက်အတွင်း  အာဖဂန်ဒုက္ခသည်  မိသားစု စုစုပေါင်း ၁၆၈၀ မှ လူပေါင်း ၈၆၄၉ ဦးမှာ အာဖဂန် နစ္စတန်နိုင်ငံသို့   ပြန်လာခဲ့ကြောင်း  နေရပ်ပြန်သူများ၏ အခက်အခဲများဖြေရှင်းရေးဆိုင်ရာ အဆင့်မြင့်ကော်မရှင်က   ဩဂုတ်   ၃၁   ရက်တွင် ကြေညာ သည်။

၎င်းတို့သည် မဟာဗျူဟာမြောက် နယ်စပ်ဖြတ်ကျော်ရာနေရာများမှတစ်ဆင့် နိုင်ငံအတွင်းသို့ ပြန်လာခဲ့ကြောင်း  အဆိုပါကော်မရှင်က ထုတ်ပြန်ထားသည်။

ပြန်လည်ရောက်ရှိလာသည့် မိသားစုများအားလုံးသည် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်  အခမဲ့သယ်ယူပို့ဆောင်ရေးအပါအဝင်   လိုအပ်သောအကူအညီများကို   ရရှိခဲ့ကြောင်း သိရသည်။

ဆင်ဟွာ

No comments

Powered by Blogger.