၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတွင် မြန်မာအသင်းပါဝင်သော အုပ်စု(A) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
ရန်ကုန် ဩဂုတ် ၃၁
၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စုမဲခွဲရာတွင် မြန်မာအသင်းသည် အုပ်စု(A)တွင်
ကျရောက်ခဲ့ပြီး ယင်းအုပ်စုပွဲများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
ခြေစစ်ပွဲတွင် အသင်းစုစုပေါင်း ၃၅ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုဝင်ဘာ
၈ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ခြေစစ်ပွဲကို ငါးသင်း ခုနစ်အုပ်စုခွဲကျင်းပမည်ဖြစ်ပြီး
အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရရှိသည့် တစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
ခြေစစ်ပွဲ အုပ်စုမဲခွဲမှုအရ အုပ်စု(A)တွင်
အင်ဒိုနီးရှား၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အုပ်စု(B)တွင် ထိုင်း၊ အီရတ်၊ ဟောင်ကောင်၊ တရုတ် (တိုင်ပေ)၊ မော်လ်ဒိုက်၊ အုပ်စု(C)တွင်
ယူအေအီး၊ ဘင်္ဂလားဒေ့ရှ်၊ ဆီးရီးယား၊ ဘူတန်၊ မကာအို၊ အုပ်စု(D)တွင် အီရန်၊ လာအို၊ ဂျော်ဒန်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အုပ်စု(E)တွင် အိန္ဒိယ၊ မလေးရှား၊ ပါလက်စတိုင်း၊ စင်ကာပူ၊
ဂူအမ်၊ အုပ်စု(F)တွင် ယီမင်၊ တာ့ခ်မင်နစ္စတန်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယား၊
မြောက်မာရီယာနာ ကျွန်းစု၊ အုပ်စု(G)တွင် အိုမန်၊ ကူဝိတ်၊ ဘာရိန်း၊
လက်ဘနွန်၊ ဘရူနိုင်းအသင်းတို့ ပါဝင်သည်။
နောက်ဆုံးအဆင့်တွင် အိမ်ရှင် ဥဇဘက်ကစ္စတန်၊ ကာတာ၊ ဂျပန်၊ တရုတ်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ဆော်ဒီ အာရေဗျ၊ တာဂျစ်ကစ္စတန်နှင့်
ဗီယက်နမ် အသင်းတို့မှာ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားသည်။ မြန်မာအသင်းပါဝင်သော အုပ်စု(A)ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။
ညီမြတ်သော်တာ

No comments