တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ ကျင်းပ

 



ရန်ကုန် ဩဂုတ် ၃၁


တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၉ ဦးက မေးမြန်းသည့် ကြယ်ပွင့် ပြမေးခွန်း ၂၄ ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။


ယင်းနောက် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို မွန်းလွဲပိုင်းတွင် ရပ်နားခဲ့ပြီး တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ပြီးမြောက်ကြောင်း ကြေညာသည်။


 တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.