မန်ယူအသင်းက အစ်ဆွစ်အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရ၊ ဘရူနိုဖာနန်ဒက်စ် ဟက်ထရစ်သွင်းယူ
မန်ယူအသင်းဟာ ဩဂုတ် ၃၀ ရက်ညပိုင်းက အစ်ဆွစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်(၂)မှာ ဂိုးပြတ် နိုင်ပွဲရရှိခဲ့ပါတယ်။
မန်ယူအသင်းနဲ့ အစ်ဆွစ်အသင်းတို့ပွဲစဉ်မှာ
ဧည့်သည်အဖြစ်လာရောက်ကစားခဲ့တဲ့ အစ်ဆွစ်အသင်းက ဦးဆောင်ဂိုး
စတင်သွင်းယူနိုင်ခဲ့ပေမယ့် မန်ယူအသင်းက ပထမပိုင်းပွဲကစားချိန်အတွင်းတစ်ဂိုးနဲ့
ဒုတိယပိုင်းပွဲကစားချိန်အတွင်း လေးဂိုး ရရှိခဲ့လို့ ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အစ်ဆွစ်အသင်းအတွက်
ချေပဂိုးတစ်ဂိုးကိုတော့ သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို တစ်မိနစ်မှာ အက်ပိုက
သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ ကွင်းလယ်ကစားသမား
ဘရူနိုဖာနန်ဒက်စ်က မန်ယူအသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မန်ယူအသင်းဟာ အစ်ဆွစ်အသင်းကို
အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်နှစ်ပွဲကစားပြီးချိန်မှာ ရမှတ်သုံးမှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၁၀)
နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တဲ့
အစ်ဆွစ်အသင်းကတော့ ပြီးခဲ့တဲ့ပွဲစဉ်မှာ ဆန်းဒါးလန်းအသင်းကို အနိုင်ရရှိခဲ့ပေမယ့် အမှတ်ပေးဇယား အဆင့် (၁၂)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်

No comments