၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း လေးယောက်တွဲ အဖွဲ့လိုက်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော် ဩဂုတ် ၃၁
အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်
မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်
ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်
ပိုက်ကျော်ခြင်း(အမျိုးသား)လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည်
နောက်ဆုံးပွဲစဉ်များအဖြစ် ကချင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို
နှစ်ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲပြတ်၊
ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက
မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ချင်းပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို
နှစ်ပွဲပြတ်၊ မွန်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ စစ်ကိုင်း တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို
နှစ်ပွဲပြတ်၊ ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ကချင်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်း ကို နှစ်ပွဲပြတ်၊
မန္တလေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက
မွန်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို
နှစ်ပွဲ-တစ်ပွဲဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။
အလားတူ ပိုက်ကျော်ခြင်း(အမျိုးသမီး) လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းက
ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို
နှစ်ပွဲပြတ်၊ မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်း ကိ နှစ်ပွဲပြတ်၊ ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်၊
ဧရာဝတီတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်၊ မွန်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ် စက်တင်ဘာ
၁ ရက်
နံနက် ၉ နာရီမှစတင်၍ ပိုက်ကျော်ခြင်း(အမျိုးသား)
လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ကချင်ပြည်နယ်အသင်းနှင့်
မန္တလေးတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့
ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲ ပွဲစဉ်များအပြီးတွင် တတိယလုပွဲ ပွဲစဉ်အား
ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အလားတူပိုက်ကျော်ခြင်း(အမျိုးသမီး)လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ
ပွဲစဉ်များအဖြစ် ရန်ကုန် တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ မွန်ပြည်နယ်အသင်းနှင့်
စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲ ပွဲစဉ်များအပြီးတွင်
တတိယလုပွဲ ပွဲစဉ်အား ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments