ပဲခူးတိုင်းဒေသကြီးအတွင်း ရေထိန်းတံခါးများနှင့် ရေဘေးကာကွယ်ရေး တာတမံများ ဘေးကင်းလုံခြုံရေး စစ်ဆေးဆောင်ရွက်လျက်ရှိ
နေပြည်တော် ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ရှိ
အရှေ့ဆင်ရွာတာ၊ အနောက်ဆင်ရွာတာ၊ မြို့ဆိုး ရေအိုးစင်ရေကျော်တာ၊ ဝါးတီးတာ၊ ဝါးတီး ဝက်ဖြူကုန်းတာနှင့်
ရွှေကာဇောင်းတာများ ရေစိမ့်မှုနှင့် အားနည်းနေရာ ချို့ယွင်းချက်များကို စောစီးစွာသိရှိနိုင်ရန်
တာ အတွင်းဘက်ခြမ်း လျှောစောက် မျက်နှာပြင်နှင့် တာအောက်ခြေတို့ကို ရှင်းလင်းပြီး စောင့်ကြည့်
စစ်ဆေးခြင်းလုပ်ငန်းများ ကြိုတင် ဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် အဆိုပါ တာတမံများ ထိန်းသိမ်းကာကွယ် ပြုပြင်ခြင်းလုပ်ငန်း
ဆောင်ရွက်နေသည့် တာဝန်ရှိသူများ၊ ရေကင်းစခန်းလုပ်သားများနှင့် တွေ့ဆုံစဉ် ဆွေးနွေးမှာကြားသည်။
မှာကြား
အဆိုပါတွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက
တောင်ငူမြို့ လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့ပြီး အရေးပေါ်အခြေအနေ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို
စာတွေ့လက်တွေ့ အသိပညာပေး ဆောင်ရွက်နိုင်ရေး၊ တာစစ်ဆေးပုံ နည်းလမ်းများ မှန်ကန်မှုရှိစေရေးနှင့်
တိကျသော ညွှန်ကြားချက်များ ထုတ်ပြန်ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပဲခူးမြို့)
အစည်းအဝေးခန်းမ၌ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသတွင်းစိုက်ပျိုးသည့်
သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ရေကြီးရေလျှံမှုကြောင့်
သီးနှံပျက်စီး ဆုံးရှုံးမှုလျော့ပါးစေရေး၊ ရှားပါးဒေသငါးမျိုးစိတ်များ မွေးမြူ သားဖောက်ဖြန့်ဖြူး
နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
အလားတူ ဩဂုတ် ၁၈ ရက် မွန်းလွဲပိုင်းက
ပဲခူး-စစ်တောင်း တူးမြောင်းသို့ ရေကူပေးရန် တည်ဆောက်ထားသော ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ
မိုးယွန်းကြီးအင်း ရေပိုလွှဲနှင့် မိုးယွန်းကြီး ရေထိန်း တံခါးကြံ့ခိုင်မှုနှင့် မိုးယွန်းကြီး
- ဇွဲဘတ်တာ ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှု
စီမံခန့်ခွဲရေး ဦးစီးဌာနအောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိုးယွန်းကြီး - ဇွဲဘတ်တာ၊
ပုကိုင်တာ၊ ပဲခူး -စစ်တောင်းတူးမြောင်း တာ၊ ပုဂံ -ညောင်ပင်တာနှင့် စစ်တောင်းမြစ်တာ
စသည့် တာတမံများ ထိန်းသိမ်းကာကွယ် ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက် နေသည့်တာဝန်ရှိသူများ၊
ရေကင်း စခန်းလုပ်သားများနှင့်တွေ့ဆုံ၍ စိုးရိမ်ရေမှတ် မရောက်မီကပင် ကြိုတင်ကာကွယ်ရေး
စီမံဆောင်ရွက်ရန်၊ လိုအပ်သောနေရာများသို့ အရေးပေါ် ပစ္စည်းများ ကြိုတင် ပို့ဆောင်ထားရှိရန်၊
ဒေသခံ ပြည်သူများကို အရေးပေါ် ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးဆောင်ရွက်ရန်၊ ရေတံခါးများပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းကို
အလေးထားဆောင်ရွက်ရန်၊ ရေပိုလွှဲကြံ့ခိုင်မှု အခြေအနေနှင့် ရေစီးဆင်းရာလမ်းကြောင်းများ
ကြိုတင်စစ်ဆေးရန် မှာကြား၍ ရေကင်းလုပ်သားများ တင်ပြလာသည့် အခက်အခဲများကို ပေါင်းစပ်
ညှိနှိုင်းဆောင်ရွက်ပေးကာ ပဲခူးမြစ်တာ၌ ရေဘေး ကြိုတင် ကာကွယ်ဆောင်ရွက်နေမှုနှင့် ရေကင်းစခန်းများကို
ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments