ရေးမြို့နယ်၌ အယ်လ်နီညိုရာသီဥတုနှင့် မီးခိုးမြူငွေ့ဆိုင်ရာ အသိပညာပေး ဟောပြော
ရေး ဩဂုတ် ၂၀
မွန်ပြည်နယ် ရေးမြို့နယ်မီးသတ် ဦးစီးဌာနနှင့်
နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ပူးပေါင်း၍ အယ်လ်နီညိုရာသီဥတုနှင့်
မီးခိုးမြူငွေ့ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၁၈ ရက်က အဆိုပါသင်တန်းကျောင်းခန်းမ၌
ဆောင်ရွက်သည်။
ဟောပြောပွဲတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ
လက်ထောက် မီးသတ်ဦးစီးမှူး ဦးရဲကောင်းထက်က အယ်လ်နီညိုရာသီဥတုဖြစ်စဉ် သဘောသဘာဝ၊ အယ်လ်နီညိုဖြစ်စဉ်
အားကောင်းလာပါက ပုံမှန်ထက် မိုးရွာသွန်းမှုလျော့နည်းခြင်း၊ ပြင်းထန်သော မိုးခေါင်ရေရှားပါးခြင်းနှင့်
အပူချိန်အဆမတန် မြင့်မားခြင်းတို့ကြောင့် တောမီးလောင်ကျွမ်းမှုမှတစ်ဆင့် မီးခိုးမြူ
ငွေ့ဖြစ်ပေါ်စေပြီး လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မီးခိုးမြူငွေ့တွင်ပါဝင်သော
အလွန်သေးငယ်သည့် အမှုန်အမွှားများကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖြစ်ပွားတတ်သည့်
ရောဂါလက္ခဏာများနှင့် သတိပြုကာကွယ်ရမည့် အချက်များကို ရှင်းလင်းဟောပြောပေးခဲ့ကြောင်း
သိရသည်။
ရှင်းသန့်ဖြူ

No comments