မိုင်းရယ်မြို့နယ်၌ ဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရာင်းချခြင်း အခမ်းအနား ကျင်းပ
မိုင်းရယ် ဩဂုတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်၌
ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်တွင် ခွဲဝေရရှိသော ပုလဲယူရီးယားဓာတ်မြေဩဇာများကို မြို့နယ်အတွင်းရှိ
မိုးစပါး စိုက်ပျိုးသည့်တောင်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို
ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းအောင်ညွန့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းကော်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်
ဗိုလ်မှူး စိုင်းလောင်မုန်း၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး
ဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ နွေစပါး စိုက်တောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက
အမှာစကားပြောကြားသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်
စိုက်ပျိုးရေးဦးစီးမှူးဦးစိုးနိုင်တို့က ပုလဲယူရီးယားဓာတ်မြေဩဇာများကို တောင်သူ တစ်ဦးချင်းလက်ဝယ်အရောက်
ပြန်လည်ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments