ဇူလိုင်လအတွင်း တောင်အာဖရိကနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု ၁၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်

 


ဂျိုဟန်နက်စ်ဘာ့ဂျ်   ဩဂုတ်  ၂၇

ဇူလိုင်လအတွင်း တောင်အာဖရိကနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၉၉၁၆၉၆ ဦး လာရောက်ခဲ့ပြီး ယမန်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၁၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တောင်အာဖရိက စာရင်းအင်းဌာနက ဩဂုတ် ၂၆ ရက်တွင် ပြောကြားသည်။ တောင်အာဖရိကနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်းအစီရင်ခံစာအရ  ဇူလိုင်လအတွင်း နိုင်ငံခြားခရီးသွားဧည့်သည်အရေအတွက်မှာ ၉၉၁၆၉၆ ဦးရှိခဲ့ပြီး ယမန်နှစ် အလားတူကာလက ၈၈၁၃၉၃ ဦးရှိခဲ့သည်။                       

ဆင်ဟွာ

No comments

Powered by Blogger.