မင်းလှမြို့နယ်၌ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
မင်းလှ ဩဂုတ် ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ် ၁၇ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်၊ မင်းလှမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ) ဒေါ်လဲ့လဲ့ဝင်းနှင့် တာဝန်ရှိသူများက မင်းလှမှ ဥယျာဉ်ကျေးရွာသို့ ဆက်သွယ်သောလမ်း ဖောက်လုပ်နေမှုနှင့် ၎င်းလမ်းပေါ်တွင် ရေကျော်တည်ဆောက်နိုင်ရေး မြေပြင် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။
မင်းလှမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် မင်းလှမှ ဥယျာဉ်ကျေးရွာသို့ ဆက်သွယ်သောလမ်း အရှည် လေးဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ခြောက်လက်မ ကျောက်ချောခင်းခြင်း လုပ်ငန်းကို ယခုဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၁၆၅ ဒသမ ၂၇သန်းဖြင့် ရဲထွဋ်လှိုင်ကုမ္ပဏီမှ ၂၀၂၆ခုနှစ်၊ ဇူလိုင် ပထမပတ်က စတင်ခဲ့ရာ ယခုအခါ ၂၈ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ၎င်းလမ်းပေါ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၃၉၀သန်းဖြင့် အရှည် ၂၆၀ ပေ၊ အကျယ် ၁၈ ပေ ခြောက်လက်မရှိ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း ကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်လူး

No comments