မြောင်းမြမြို့၌ မိုးစပါးထွန်တုံးပိတ်ပွဲ ကျင်းပ

 


မြောင်းမြ သြဂုတ် ၂၀

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် မိုးစပါးထွန်တုံးပိတ်ပွဲနှင့် ပေါ်ဆန်းမျိုးနမူနာများ၏ စားသုံးမှုအရည်အသွေးအား အကဲဖြတ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျုံဝါးကျေးရွာ တောင်သူ ဦးသိန်းဆိုင်ထွန်း၏ လယ်မြေ၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီအဖွဲ့ဝင်များက ရေတော်မိုးတော် ထွန်တုံးပိတ်ပွဲအား ကြည့်ရှုအားပေးပြီး မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က ကောက်စိုက်သမများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ဂုန်နီ)မှ စိုက်ပျိုးရေး ကျောင်းသား ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 

အခမ်းအနားအပြီးတွင် EM နှင့် ဘိုကာရှီပြုလုပ်နည်း လက်တွေ့သရုပ်ပြခြင်း၊ ပေါ်ဆန်းမျိုးများနှင့် သက်တမ်းတောင်ပျံ မျိုးများ စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှုကို လေ့လာကြည့်ရှုခြင်း၊ RTOP စမ်းသပ်ကွက်နှင့် သဘာဝမြေသြဇာ စမ်းသပ်ကွက်များကို လေ့လာကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)

No comments

Powered by Blogger.