နယ်သာလန်နောက်ခံလူ ဗန်ဒီဗင် စပါးအသင်းနှင့် ခြောက်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ချုပ်ဆို



နယ်သာလန်ကြယ်ပွင့် ဗန်ဒီဗင်ဟာ ပရီမီယာလိဂ်ကလပ် စပါးအသင်းနဲ့ ကာလရှည်စာချုပ်သစ်တစ်ရပ် ထပ်တိုးချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။


နောက်တန်းကစားသမား ဗန်ဒီဗင်ဟာ ၂၀၂၃ ခုနှစ်က ဝုလ်ဖ်စ်ဘတ် အသင်းကနေ စပါးအသင်းဆီပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ခြောက်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ထပ်တိုးချုပ်ဆိုလိုက်ပြီဖြစ်တာကြောင့် စပါးအသင်းမှာ ၂၀၂၉ ခုနှစ်အထိ ဆက်ရှိနေမှာလည်းဖြစ် ပါတယ်။


နောက်ခံလူ ဗန်ဒီဗင်ဟာ စပါးအသင်းက ရောဘတ်တိုဒီဇာဘီအား အသင်းရဲ့နည်းပြသစ်အဖြစ် မခန့်အပ်မီက စပါးအသင်းမှာ ဆက်ရှိဖို့ မသေချာခဲ့ပေမယ့် လက်ရှိမှာ စပါးအသင်းနဲ့အတူ ခြောက်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဗန်ဒီဗင်ဟာ ၂၀၂၅ ခုနှစ်က စပါးအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားရယူပေးခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီကလည်း ပရီမီယာလိဂ်နောက်ဆုံးခုနစ်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားပေးခဲ့ကာ စပါးအသင်းကို တန်းမဆင်းရရေး စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဗန်ဒီဗင်ဟာ စပါးအသင်းနဲ့အတူ ပြိုင်ပွဲစုံ ၉၆ ပွဲ ပါဝင်ကစားပေးခဲ့ပြီး နယ်သာလန် နိုင်ငံ လက်‌ရွေးစင်အသင်းအတွက်တော့ နိုင်ငံတကာပွဲစဉ် ၂၄ ပွဲ ပါဝင် ကစားပေးထားတာဖြစ်ပါတယ်။


စပါးအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အမှတ်ပေးဇယား အဆင့် ၁၇ နေရာနဲ့ ရာသီကုန်ဆုံးခဲ့တာကြောင့် ယခုအပြောင်းအရွှေ့ ကာလမှာ နယူးကာဆယ်အသင်းမှ တိုနာလီကို အသင်းရဲ့စံချိန်တင် ပြောင်းရွှေ့ကြေးပေါင် သန်း ၁၀၀ နဲ့ခေါ်ယူခဲ့မှုအပါအဝင် ကစားသမား ခေါ်ယူမှုအတွက် ပေါင် ၂၃၇ သန်း သုံးစွဲထားတာဖြစ်ပါတယ်။


ငွေကြယ်

No comments

Powered by Blogger.