နောင်ချိုမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ဖြည့်စွက်အာဟာရတိုက်ကျွေး
နောင်ချို ဩဂုတ် ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်းရှိ
အခြေခံပညာကျောင်းများတွင် နောင်ချိုမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ School
Milk Programme ဖြင့် နွားနို့နှင့် ကြက်ဥပြုတ် ဖြည့်စွက်အာဟာရတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက
ဆောင်ရွက်သည်။
ထိုသို့ ဖြည့်စွက်အာဟာရ တိုက်ကျွေးခြင်းကို
နောင်ချိုမြို့နယ် အထက(ခွဲ)-အုမ္မခါး၊ အလက (ခွဲ)-အုမ္မသီး၊ အလက-ကျောက်ကြမ်း၊ အမက-လယ်ကြီးတော၊
အမက-ငုက္ခလေး၊ အမက-ဘော်ရွာ၊ အမက-နောင်ဖာ၊ အမက-ရေမောင်းတန်း၊ အမက-ကျောက်သုံးလုံးနှင့်
အမက (လွန်)-လွယ်တောင်းကျောင်းများ၌ ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်အောင်သန်း၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး
ဒေါက်တာဇော်လွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက အခြေခံပညာ ကျောင်းသား ကျောင်းသူ
၁၃၄၅ ဦးကို နွားနို့နှင့် ကြက်ဥပြုတ် ဖြည့်စွက်အာဟာရ သွားရောက်တိုက်ကျွေးခဲ့ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments