သရက်မြို့၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြော
သရက် ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၆-၂၀၂၇
ပညာသင်နှစ် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာနှင့်
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် သရက်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး
ဒေါက်တာအုပ်စိုးလင်းက ဆေးလိပ်နှင့် ဆေးရွက်ကြီးအကြောင်းနှင့် သရက်ခရိုင်အစားအသောက်နှင့်
ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲဦးဗိုလ်က အစားအသောက်ဘေးအန္တရာယ်ဆိုင်ရာ
ကင်းရှင်းရေးတို့နှင့် ပတ်သက်၍ ဟောပြောသည်။
ထို့နောက် သရက်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ကျန်းမာပညာမှ ဒုတိယဦးစီးမှူး ဒေါ်ရှင်းရှင်းသန့်က ကျန်းမာသည့် ဘဝနေထိုင်မှုအကြောင်း
ဟောပြောပေးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာမှ
ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments