ပါကစ္စတန်နိုင်ငံမှ အာဖဂန်နစ္စတန်အကျဉ်းသား ၃၂၅ ဦး နေရပ်ပြန်လာ



ဩဂုတ် ၆

ပါကစ္စတန်နိုင်ငံထိန်းသိမ်းရေးစခန်းများနှင့် အကျဉ်းထောင်များမှ လွတ်မြောက်လာပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံသို့ပြန်လာသူ အာဖဂန်နစ္စတန်အကျဉ်းသား ၃၂၅ ဦး ရှိကြောင်း ဒုက္ခသည်များနှင့် ပြန်လည်ပို့ဆောင်ရေးဝန်ကြီးဌာန၏ပြောကြားချက်ကို ဒေသခံမီဒီယာ TOLOnews က ယနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါနေရပ်ပြန်လာသူများသည် ပါကစ္စတန်၏ ချုပ်နှောင်မှုမှ လွတ်မြောက်ပြီးနောက် Torkham နှင့် Spin Boldak နယ်စပ်ဖြတ်ကျော်ဂိတ်များမှတစ်ဆင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည်ဟု ဖော်ပြထားသည်။

နေရပ်ပြန်လာသူများတွင် မိသားစုများ၊ ကလေးများနှင့် ပါကစ္စတန်တွင် ကာလအမျိုးမျိုးနှင့် အကြောင်းပြချက်အမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရသော တစ်ကိုယ်ရေသမားများ ပါဝင်ကြောင်း အစီရင်ခံစာတွင် ထပ်လောင်းဖော်ပြထားသည်။

၎င်းတို့၏နေရပ်ဒေသများသို့ ပို့ဆောင်ခြင်းမပြုမီ ၎င်းတို့ရောက်ရှိချိန်တွင် မိတ်ဖက်အဖွဲ့အစည်းများထံမှ အကူအညီများ ရရှိခဲ့ကြသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.