ရေကြည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၄)ကျောင်း ရေများဝင်ရောက်သဖြင့် ယာယီကျောင်းပိတ်



ရေကြည်  ဩဂုတ် ၆

လေးမျက်နှာမြို့နယ် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားခဲ့ပြီး ရေကြည်မြို့နယ်အတွင်းရှိ စာသင်ကျောင်းအတွင်း ရေများဝင်ရောက်သဖြင့် ဩဂုတ် ၅ ရက်မှစ၍ အခြေခံပညာကျောင်း (၄)ကျောင်း ယာယီပိတ်ခဲ့ကြောင်း သိရသည်။

အဆိုပါရေဝင်ရောက်မှုကြောင့် ဒေါင့်ကြီးကျေးရွာအုပ်စုအ.မ.က (တာကျိုး)၊ ပိတောက်ချောင်ကျေးရွာ အုပ်စုအ.မ.က (သပြေအိုင်)၊ မယင်းကူးကျေးရွာအုပ်စု အ.မ.က (မယင်းကူး)၊ တောင်လဟာကျေးရွာအုပ်စု အ.မ.က(ဒယ်ကုန်း) စုစုပေါင်းအခြေခံပညာ ကျောင်း(၄)ကျောင်း ယာယီကျောင်းပိတ်ခဲ့ရသည်။ အဆိုပါယာယီကျောင်းပိတ်ခဲ့ရသည့် ကျောင်းပိတ်ရက်များအား ရေပြန်လည်ကျဆင်းပါက အပတ်စဉ် (စနေ့၊ တနင်္ဂနွေ) နေ့တိုင်းတွင် အစားထိုးသင်ကြားပို့ချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)



No comments

Powered by Blogger.