ကော့ကရိတ်မြို့၌ မိုးစပါး စံပြကွက်စိုက်ပျိုး
ကော့ကရိတ် ဩဂုတ်
၅
စိုက်ပျိုးရေးဦးစီးဌာနက
ကော့ကရိတ်မြို့အမှတ် (၆) ရပ်ကွက် တောင်သူဦးဘမြိုင်၏ လယ်မြေငါးဧက၌ ယနေ့နံနက်ပိုင်းတွင်
မိုးစပါးဆင်းသုခမျိုးစေ့ထုတ် စံပြကွက်စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊
ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ
တက်ရောက်ကြည့်ရှုအားပေးကြသည်။
အဆိုပါ မိုးစပါးစိုက်ပျိုးဆောင်ရွက်နေခြင်းကို
ခရိုင်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက သတ်မှတ်ကောက်ကွက် ပြည့်မီစေရန် စံကွက်တိုင်းတာမှုကို
သရုပ်ပြစစ်ဆေးဆောင်ရွက်ကြပြီး လာရောက်ကြည့်ရှုကြသည့် တောင်သူများအား စပါးမျိုးစေ့ပွားများထုတ်လုပ်နည်း
လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments