ထန်းတပင်မြို့နယ်၌ မိုးစပါးဧက ၇၃၅၃၀ စိုက်ပျိုးပြီးစီး
ထန်းတပင် သြဂုတ်
၅
ပဲခူးတိုင်းဒေသကြီး
ထန်းတပင်မြို့နယ်၌ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီချိန်တွင် မိုးစပါး စိုက်ဧက ၇၃၅၃၀
စိုက်ပျိုးရန်လျာထားရာ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်သည်။
ထန်းတပင်မြို့နယ်တွင်
ယခုနှစ် မိုးစပါးသီးနှံ စိုက်ပျိုးဧက ၇၃၅၃၀ တွင် အထွက်ကောင်းမျိုးများ ဖြစ်သည့် အောင်နိုင်တိုး၊
ရက် ၉၀၊ နှံကောက်၊ YAR-14၊ ဆင်းသုခ စသည့်စပါးမျိုးများအပါအဝင် အဆင့်မြင့်မျိုးစပါးဖြစ်သည့်
ငကျွဲမွှေးစပါးမျိုး ၆၀၅ ဧက စိုက်ပျိုးထားရှိပြီး ဖြစ်သည်။
ကွင်းဆင်းသရုပ်ပြသ
မိုးစပါးကို ပျိုးထောင်စိုက်ပျိုးခြင်း၊
မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့် ပေါင်စနစ်တို့ဖြင့်
စိုက်ပျိုးထားရှိကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှု
ကော်မတီအနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် စပါးစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ
ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူများအား နှစ်စဉ်မျိုးကောင်းမျိုးသန့်မျိုးစေ့များကို
ပံ့ပိုးပေးခြင်း၊ သွင်းအားစုဓာတ်မြေသြဇာများကို သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးပေးခြင်း၊
ပိုးမွှားရောဂါကာကွယ်ရေးနှင့် စိုက်ပျိုးနည်းပညာများ လက်တွေ့ကွင်းဆင်းသရုပ်ပြသပေးခြင်း
လုပ်ငန်းများ၊ စိုက်ပျိုးနည်းစနစ်သင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် တောင်သူအသိပညာပေး
ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်အောင်(ပြန်/ဆက်)

No comments