ဖူကူအီခရိုင်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အရေးပေါ်သတိပေးချက် အဆင့် (၅) ထုတ်ပြန်

 


တိုကျို  ဩဂုတ်  ၃၀

ဂျပန်မိုးလေဝသအေဂျင်စီသည် ဖူကူအီခရိုင်ရှိ ဖူကူအီ၊ အိုနိုနှင့် ကတ်ဆုယာမာမြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်သောကြောင့် ပြည်သူများအား ဘေးအန္တရာယ်ကင်းသည့် နေရာများသို့ အမြန်ဆုံးတိမ်းရှောင်ကြရန် တိုက်တွန်းထား သည်။

ဂျပန်မိုးလေဝသအေဂျင်စီသည်  အဆိုပါဒေသအတွက် အရေးပေါ်သတိပေးချက်အဆင့်()ကို ထုတ်ပြန်ထား သည်။ အဆိုပါသတိပေးချက်မှာ အေဂျင်စီ၏ သတိပေးချက်စနစ်တွင် အမြင့်ဆုံးသတိပေးချက်အဆင့်ဖြစ်ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဖူကူအီခရိုင်ရှိ အချို့နေရာများတွင် မြစ်ရေလျှံမှုနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။

တာဝန်ရှိသူများက ဒေသခံများအား ဘေးလွတ်ရာသို့  တိမ်းရှောင်ကြရန် တိုက်တွန်းထားပြီး   ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်ရန် အန္တရာယ်ရှိပါက အဆောက်အအုံ၏ ပိုမိုမြင့်မားသောအထပ်များသို့  ရွှေ့ပြောင်းနေထိုင်ကြရန်လည်း    အကြံပြုထားသည်။     

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.