ဘရူနိုင်းနိုင်ငံက ဆာဘာနိုင်ငံတကာ ကုန်စည်ပြပွဲတွင် ခရီးသွားလုပ်ငန်းမြှင့်တင်မည်
ဘန်ဒါဆရီဘီဂါဝန် ဩဂုတ် ၃၀
ဘရူနိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဌာနသည်
ဒေသတွင်းဈေးကွက်များ၌ နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပိုမိုခိုင်မာလာစေရန် ကြိုးပမ်းမှု၏
တစ်စိတ်တစ်ပိုင်းအဖြစ် အိမ်နီးချင်း မလေးရှားနိုင်ငံ ဆာဘာပြည်နယ်၌ စက်တင်ဘာ
၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် ဆာဘာနိုင်ငံတကာ ကုန်စည်ပြပွဲတွင် ပါဝင်သွားမည်ဖြစ်ကြောင်း
သိရသည်။
အဆိုပါ သုံးရက်ကြာပါဝင်မှုတွင်
၂၀၂၇ ဘရူနိုင်းခရီးသွားနှစ် လှည့်လည်မိတ်ဆက်ပွဲ (Visit Brunei
Year 2027 Roadshow) နှင့်အတူ ဘရူနိုင်းကော်ဖီလမ်းကြောင်း အရောင်းမြှင့်တင်ရေးပွဲ
(Brunei Coffee Trail) ကိုလည်း ပါဝင် ပြသသွားမည်ဖြစ်ကြောင်း အဆိုပါဌာနက
ပြောကြားသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း
ဆာဘာပြည်နယ်၏ မြို့တော် ကိုတာကီနာဘာလူတွင် ကျင်းပခဲ့သည့် Brunei
Coffee Trail ပွဲသည် ကောင်းမွန်သည့် တုံ့ပြန်မှုများရရှိခဲ့ပြီးနောက်
ယခုနှစ်ပွဲတွင်လည်း ပိုမိုလေ့လာစူးစမ်းနိုင်မည့်အစီအစဉ်များနှင့်အတူ ပြန်လည်ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ

No comments