နီပေါ၌ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် တရုတ်နိုင်ငံက ဥမင်လိုဏ်ခေါင်းကျွမ်းကျင်သူများစေလွှတ်
ပေကျင်း ဩဂုတ် ၃၀
တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနသည် နီပေါနိုင်ငံ၌ ကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ရန် ဩဂုတ် ၂၉ ရက်တွင် ဥမင်လိုဏ်ခေါင်းကျွမ်းကျင်သူ ငါးဦးကို စေလွှတ်ခဲ့သည်ဟု
သိရသည်။
နီပေါအစိုးရ၏ တောင်းဆိုချက်အရ
ရေအားလျှပ်စစ်စက်ရုံရှိ ဥမင်လိုဏ်ခေါင်းအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီရန် အဆိုပါကျွမ်းကျင်သူငါးဦးကို
စေလွှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျွမ်းကျင်သူများသည်
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီဇန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဂိုင်ရွန်ခရိုင်မှ ရဟတ်ယာဉ်ဖြင့်
ထွက်ခွာလာခဲ့ကြပြီး ညနေ ၄ နာရီ ၅၈ မိနစ်တွင် နီပေါနိုင်ငံရှိ သဘာဝဘေးဒဏ်ခံဒေသသို့ ရောက်ရှိခဲ့ကြသည်။ ထို့နောက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ချက်ချင်းပါဝင်ခဲ့ကြသည်။
နောက်ထပ် ဥမင်လိုဏ်ခေါင်းကယ်ဆယ်ရေးကျွမ်းကျင်သူ
လေးဦးကိုလည်း နီပေါနိုင်ငံ၌ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရေးအတွက် စေလွှတ်ခဲ့သည်ဟု
ဝန်ကြီးဌာနက ပြောကြားသည်။
ဆင်ဟွာ

No comments