ဘရာဇီးနိုင်ငံတောင်ပိုင်း၌ မုန်တိုင်းတိုက်ခတ်မှုများကြောင့် နေအိမ် ၁၆၀၀ ကျော် ပျက်စီး

 


ဆော်ပေါ်လို   ဩဂုတ်   ၃၀

ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယိုဂရန်ဒီဒိုဆူးလ် ပြည်နယ်၌ ပြင်းထန်သည့်မုန်တိုင်းများတိုက်ခတ်ခြင်းနှင့်   မိုးသီးကြွေမှုများ ကြောင့် လူနှစ်ဦးသေဆုံးကာ နေအိမ် ၁၆၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟု  ပြည်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဩဂုတ် ၂၉ ရက်တွင် ပြောကြားသည်။

သေဆုံးသူများအနက် အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦးသည် ပြည်နယ်အရှေ့ပိုင်းရှိ ပေါ်တိုအယ်လီဂရီမြို့၌  သစ်ပင်ပိ၍ သေဆုံးခဲ့ခြင်းဖြစ်ပြီး နောက်ထပ်သေဆုံးသူတစ်ဦးမှာ အသက် ၇၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကာ ရေကြီးမှုအတွင်း ကားနှင့်အတူ ရေစီးဖြင့်မျောပါသွား၍   သေဆုံးခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၂၈  ရက်နှင့်  ၂၉ ရက်တို့တွင် မြို့နယ် ၂၁ ခု၌ မုန်တိုင်းများ တိုက်ခတ်ခဲ့သည်။ မြောက်ပိုင်းရှိ ထရေ့စ်ပါလ်မီရက်စ် မြို့နယ်သည် အဆိုးရွားဆုံးထိခိုက်ခဲ့သည့်  မြို့နယ်ဖြစ်ပြီး မိုးသီးကျမှုကြောင့် နေအိမ် ၁၀၀၀ ခန့် ပျက်စီးခဲ့သည်။

ဘရာဇီးနှင့် ဥရုဂွေးနယ်စပ်အနီးရှိ ကွာရာရိုင်းမြို့တွင်လည်း မိုးသီးများကျရောက်ပြီး နေအိမ်  ၃၄၉ လုံး ပျက်စီးခဲ့သဖြင့် ပြည်နယ်အရေးပေါ်အခြေအနေအဖြစ် အာဏာပိုင်များက ကြေညာခဲ့သည်။ ဆာရာဂါချာဒေသတွင်လည်း မိုးသီးကြွေမှုကြောင့် နေအိမ် ၁၉၇ လုံး ပျက်စီးခဲ့ရသည်။ ရီယိုဂရန်ဒီဒိုဆူးလ် ပြည်နယ်၌လည်း   အယ်လ်နီညိုနှင့်ဆက်စပ်၍  ရာသီဥတုဆိုးရွားနိုင်ကြောင်း ဆက်လက်သတိပေးထားသည်။

ဆင်ဟွာ

No comments

Powered by Blogger.