အမေရိကန်ဒေါ်လာ ၂၆၇ သန်းတန်ဖိုးရှိ ကုန်သွယ်ရေးသဘောတူညီချက် ၂၀ ကို အာဖဂန်နစ္စတန်နှင့် ဥဇဘက်ကစ္စတန် လက်မှတ်ရေးထိုး

 


ကဘူးလ်    ဩဂုတ်   ၃၀

အာဖဂန်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်ကုန်သည်များသည် အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော် ကဘူးလ်၌ စုစုပေါင်း အမေရိကန်ဒေါ်လာ  ၂၆၇  သန်းတန်ဖိုးရှိ ကုန်သွယ်ရေးသဘောတူညီချက် ၂၀ ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း စက်မှုနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ သဘောတူညီချက်များသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား လျင်မြန်စွာတိုးတက်ကျယ်ပြန့်လာသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်လာခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလ၊  မတ်လနှင့် ဇူလိုင်လတို့တွင် အာဖဂန်နစ္စတန်နှင့်   ဥဇဘက်ကစ္စတန်နိုင်ငံတို့အကြား  စီးပွားရေးလုပ်ငန်းများသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြကြောင်းလည်း သိရသည်။        

ဆင်ဟွာ

No comments

Powered by Blogger.