ဆိုက်ပရပ်စ်၌ ခရီးသည် ၂၇၉ ဦး တင်ဆောင်လာသော သင်္ဘောတစ်စင်းနစ်မြုပ်

 


နီကိုရှား   ဩဂုတ်   ၃၀

ဆိုက်ပရပ်စ်နိုင်ငံ ဆိပ်ကမ်းမြို့ ကီရီနီးယားကမ်းလွန်၌   ခရီးသည်တင်သင်္ဘောတစ်စင်း ဩဂုတ် ၃၀ ရက်  မွန်းလွဲပိုင်းကနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါသင်္ဘောမှာ  ဆိပ်ကမ်းမြို့မှထွက်ခွာပြီး မကြာမီတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းခရီးသည်တင်သင်္ဘောသည်    Filo   Jet ကုမ္ပဏီမှပြေးဆွဲသော   The  Express   အမည်ရှိ သင်္ဘော ဖြစ်ပြီး ခရီးသည် ၂၇၉ ဦး တင်ဆောင်လာကာ ကီရီနီးယားကမ်းလွန် ၄ ဒသမ ၈ ကီလိုမီတာခန့်အကွာတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း အရေအတွက်အတိအကျနှင့် ၎င်းတို့၏ဒဏ်ရာ  မည်မျှပြင်းထန်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သိရသည်။

နောက်ဆုံးထွက်ပေါ်လာသော သတင်းများအရ သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူခြောက်ဦးရှိလာ ကြောင်း သိရသည်။                                  

ဆင်ဟွာ

No comments

Powered by Blogger.