ပရီမီယာလိဂ်ပွဲစဉ် (၂) တွင် ချယ်ဆီး၊ ဆန်းဒါးလန်းတို့ နိုင်ပွဲရပြီး ဘရန့်ဖို့ဒ် သရေကျ
ဩဂုတ် ၃၀ ရက် ည ၇ နာရီခွဲက စတန်းဖို့ဒ်ဘရစ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ချယ်ဆီးနှင့် ဘရိုက်တန်အသင်းပွဲစဉ်တွင် ချယ်ဆီးအသင်းက တိုက်စစ်ခြေစွမ်းပြကာ လေးဂိုး-သုံးဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
ဘရိုက်တန်အသင်းသည် ဘောလုံးပိုင်ဆိုင်မှုအသာနှင့်အတူ ခြေစွမ်းကောင်းပြသနိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်း ခံစစ်နှင့် ဂိုးသမား မာတီနက်ဇ်တို့ကို ကျော်ဖြတ်နိုင်ခြင်းမရှိသည့်အတွက်
ရှုံးပွဲကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
တစ်ချိန်တည်းယှဉ်ပြိုင်ကစားခဲ့သည့်
ဆန်းဒါးလန်းနှင့် ဖူလ်ဟမ်အသင်းပွဲစဉ်တွင် ဆန်းဒါးလန်းအသင်းက အီစီဒိုး၏ တစ်လုံးတည်းသော
သွင်းဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ လိဒ်စ်နှင့် ဘရန့်ဖို့ဒ်အသင်းပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့်
သရေကျခဲ့သည်။ ဘရန့်ဖို့ဒ်အသင်းသည် ဂိုးရရှိနိုင်သည့် အခွင့်အရေးပိုမိုဖန်တီးနိုင်ခဲ့သော်လည်း
သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။
မိုးဇက်

No comments