ကမ္ဘာ့နံပါတ် (၁) ဆာဘယ်လင်ကာ ယူအက်စ်အိုးပင်း ပထမအဆင့်တွင် အိုဆိုရီယိုနှင့် ယှဉ်ပြိုင်ရမည်

 


ပြီးခဲ့သည့် စင်စင်နတီအိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် ချက်ဇ်တင်းနစ်မယ် ဆာရာဘေလက်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် ကမ္ဘာ့နံပါတ်() ဘယ်လာရုစ်တင်းနစ်မယ် အာရီနာ ဆာဘယ် လင်ကာသည် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့်တွင် ကိုလံဘီယာတင်းနစ်မယ် ကာမီလာ အိုဆိုရီယိုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

ဆာဘယ်လင်ကာနှင့် အိုဆိုရီယိုတို့သည် ၂၀၂၁ ခုနှစ် ဝင်ဘယ်ဒန် အိုးပင်းနှင့် ၂၀၂၃ ခုနှစ်  မက်ဒရစ်အိုးပင်းပြိုင်ပွဲတို့တွင် ထိပ်တိုက်တွေ့ဆုံထားပြီး ဆာဘယ်လင်ကာက နှစ်ကြိမ်စလုံး နိုင်ပွဲရရှိထားသည်။ ဆာဘယ်လင်ကာသည် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် ယူအက်စ်အိုးပင်းအပါအဝင် တစ်ဦးချင်း ဂရင်းဆလမ်းဆုဖလားကို လေးကြိမ်ဆွတ်ခူးရရှိထားသူ ဖြစ်သည်။

၎င်းသည် ယခုအစောပိုင်းက ကျင်းပခဲ့သည့် နေရှင်နယ်ဘဏ်အိုးပင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် ရုရှားတင်းနစ်မယ် အဲလက်ဇန်ဒရိုဗာကို ရှုံးနိမ့်ထားသည်။

ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့ထိပ်တန်းတင်းနစ်မယ်များ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မိုးဇက်

No comments

Powered by Blogger.