ဆိုစီဒက်က ဘာစီလိုနာမှ ဟက်တာဖော့သ်ကို ခေါ်ယူ

 


ရီးရဲဆိုစီဒက်အသင်းသည်  ဘာစီလိုနာခံစစ်ကစားသမား  ဟက်တာဖော့သ်ကို ခေါ်ယူစာချုပ်လိုက်ပြီဖြစ်သည်။ အသက် ၂၀ အရွယ် အဆိုပါ ကစားသမားသည် ဆိုစီဒက်အသင်းနှင့် ၂၀၃၁ ခုနှစ် ဇူလိုင်လအထိ စာချုပ်ချုပ်ဆိုသွားမည် ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီတွင် အယ်ချီအသင်း၌ အငှားကစားခဲ့ကြောင်း သိရသည်။ ဖော့သ်သည် ချယ်ဆီးအသင်းမှ ဗဟိုခံစစ်ကစားသမား မာမာဒူဆားရ်ကို အငှားခေါ်ယူပြီးနောက်  ဆိုစီဒက်အသင်း ခေါ်ယူသည့် ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့သည်။ ဆိုစီဒက်သည် လာလီဂါပွဲစဉ်() အပြီးတွင် တစ်ပွဲနိုင်ပြီး နှစ်ပွဲရှုံးနိမ့်ထားသည်။

မိုးဇက်

No comments

Powered by Blogger.