ဘရန့်ဖို့ဒ်က ခံစစ်ကစားသမား ဒီအော့ဖ်ကို ခေါ်ယူ

 


ပရီမီယာလိဂ်ကလပ် ဘရန့်ဖို့ဒ်အသင်းသည် ဝက်စ်ဟမ်းခံစစ်ကစားသမား အယ်ဟာဂျီ မာလစ်ဒီအော့ဖ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

အသက် ၂၁ နှစ်အရွယ် ဆီနီဂေါဗဟိုခံစစ်ကစားသမားသည် နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့် အပါအဝင် ငါးနှစ် စာချုပ်ချုပ်ဆိုခဲ့သည်။ ဘရန့်ဖို့ဒ်အသင်းသည် အဆိုပါကစားသမားကို ခေါ်ယူရာတွင် ကနဦးပြောင်းရွှေ့ကြေးပေါင် ၃၅ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ကစားသမား၏  စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ်ငါးသန်းကို ပေးချေရမည် ဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့်ရာသီတွင် ဝက်စ်ဟမ်းအသင်းအတွက် ၃၄ ပွဲ ပါဝင်ကစားထားပြီး ငါးကြိမ် ဂိုးဖန်တီးမှုပြုလုပ်ပေး ထားသည်။ ဘရန့် ဖို့ဒ်အသင်းသည် ပရီမီယာလိဂ်အဖွင့်ပွဲစဉ်တွင် စပါးအသင်းကို ဂိုးပြတ်နိုင်ပွဲရရှိထားသည်။

မိုးဇက်

No comments

Powered by Blogger.