ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများနှင့် မုတ်သုံမုန်တိုင်းများ ဝင်ရောက်တိုက်ခတ်ပြီးနောက် ၁၂ ဦး ထက်မနည်းသေဆုံး



ဩဂုတ် ၁၀

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းသို့ Luis နှင့် Maymay အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများနှင့် အနောက်တောင်မုတ်သုံလေများ ဝင်ရောက်တိုက်ခတ်ပြီးနောက် လူ ၁၂ ဦးထက်မနည်း သေဆုံးကြောင်း အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။

အီလိုကော့စ်ဒေသ၊ ကာလာဘာဇွန်နှင့် ကော်ဒီလာရာအုပ်ချုပ်ရေးဒေသတို့တွင် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေးရုံး (OCD) က ပြောကြားခဲ့သည်။

ရာသီဉတုဆိုးရွားမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၁ ဦးနှင့် ပျောက်ဆုံးသူ ရှစ်ဦး၏ သတင်းများကိုလည်း အတည်ပြုနေကြောင်း အိုစီဒီက ပြောကြားခဲ့သည်။

ဒေသ ၁၀ ခုတွင် မိသားစု ၃၈၄၅၂၀ နီးပါး သို့မဟုတ် လူဦးရေ ၁ ဒသမ ၃၁ သန်းခန့် ထိခိုက်ခဲ့ရသည်ဟု အိုစီဒီ၏ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.