မြစ်ကြီးနားမြို့၌ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်တို့ အသုံးပြု၍ မိုးစပါးစိုက်ပျိုး
မြစ်ကြီးနား သြဂုတ်
၅
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌
မိုးစပါးအထွက်နှုန်းပန်းတိုင်ရရှိရေး၊ အချိန်မီစိုက်ပျိုးနိုင်၍ ဒုတိယသီးနှံ သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး၊
ဒေသတွင်းဝမ်းစာဖူလုံရေး၊ ကုန်ကျစရိတ်သက်သာ၍ လုပ်သားအင်အားရှာပါးမှုပြဿနာ ဖြေရှင်းပေးနိုင်စေရေးအတွက်
ခြောက်တန်းသွား ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်တို့ အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို
ယနေ့နံနက်ပိုင်းက စီတာပူရပ်ကွက်ရှိ တောင်သူ ဦးဆွတ်ရိန်၏ လယ်မြေသုံးဧကအတွင်း၌ ကျင်းပသည်။
အဆိုပါသရုပ်ပြပွဲတွင်
ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက
ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်တို့ အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး
ဒေသခံတောင်သူများအား ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်တို့ အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်းအား
လက်တွေ့သရုပ် ပြသခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments