ဖြူးမြို့နယ်၌ မိုးစပါး ၁၅၀၉၅၄ ဧက စိုက်ပျိုးနိုင်ရန်လျာထား



ဖြူး သြဂုတ် ၅

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ မိုးစပါး ၁၅၀၉၅၄ ဧကစိုက်ပျိုးနိုင်ရန် လျာထားပြီး လျာထားစိုက်ဧကပြည့်မီရေး ဆောင်ရွက်လျက်ရှိသည်။

 

မိုးစပါးစိုက်ပျိုးရာတွင် မျိုးစေ့ချကိရိယာဖြင့် ၁၀၀၆၆၅ ဧက၊ ကောက်စိုက်စက်ဖြင့် ၂၀၈၂ ဧက၊ ရိုးရိုး ၄၈၂၀၇ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်းနှင့် အဓိကစိုက်ပျိုးသော မျိုးများမှာ ရေမြုပ်ခံ YMR-20၊ Yar-14၊ အောင်နိုင်တိုးYSR-1၊ ရက် ၉၀၊ ရတနာတိုး၊ နှံကောက်၊ ပေါ်ဆန်းရင်-၁၊ပေါ်ဆန်း ရင်-၂ မျိုးများ စိုက်ပျိုးကြကြောင်းသိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)

No comments

Powered by Blogger.