အိန္ဒိယနိုင်ငံအရှေ့ပိုင်း၌ ဟိုတယ်မီးလောင်မှုကြောင့် ခုနစ်ဦး သေဆုံး



ဩဂုတ် ၁၇

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်ရှိ ဟိုတယ်တစ်ခုအတွင်း ပြင်းထန်သော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ခုနစ်ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါမီးလောင်မှုသည် အနောက်ဘင်္ဂလားပြည်နယ်၏မြို့တော် ကိုလ်ကတ္တားမြို့၏ မြောက်ဘက် ၂၂၀ ကီလိုမီတာခန့်အကွာ ဘာဘမ်ခရိုင် တာရာပစ်မြို့ရှိ လေးထပ်ဟိုတယ်၏ မြေညီထပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားချိန်က ဧည့်သည်အများစု အိပ်ပျော်နေကြသည်ဟု သတင်းများက ဆိုသည်။ မီးလောင်ပြီးနောက်မှ နိုးလာသောဧည့်သည်များသည် စိတ်ရှုပ်ထွေးပြီး ထွက်ပေါက်လမ်းကို ရှာဖွေရန်အခက်အခဲ ကြုံခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်သမားများသည် မီးကို ထိန်းချုပ်ရန်နှင့် ဟိုတယ်အတွင်းမှ လူများကို ကယ်တင်ရန် ထိုနေရာသို့ သွားရောက်ခဲ့ကြကြောင်းနှင့် သေဆုံးသူများအနက် အချို့သည် ထိုမြို့၏ ဟိန္ဒူဘုရားကျောင်းတွင်ဆုတောင်းရန် လာရောက်သောဘုရားဖူးများဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မီးလောင်မှုသည် လျှပ်စစ်ဝါယာကြိုးပြတ်တောက်မှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်လျက် ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.