သီပေါမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး
သီပေါ ဩဂုတ် ၃၀
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်
ယာဉ်ထိန်းရဲတပ်ဖွဲ့ ဌာနစိတ်(သီပေါ)ဒုရဲအုပ် ကျော်ဇင်မိုးနှင့် ပူးပေါင်းအဖွဲ့တို့သည်
တောင်မြို့ရပ်ကွက် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးတွင် စီးနင်းသွားလာလျက်ရှိသော
ဆိုင်ကယ်စီးနင်းသူများအား အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ဦးစွာ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနစိတ်(သီပေါ)မှ
ဒုရဲအုပ် ကျော်ဇင်မိုးက ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် မော်တော် ဆိုင်ကယ်စီးနင်းသူများအနေဖြင့်
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးအသိပညာပေး ရှင်းလင်းပြောကြားပြီး ရောင်ပြန်စတေကာများကပ်ပေးခြင်း၊
ဆိုင်ကယ်စီးဦးထုပ်အလုံး ၇၀ နှင့် အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments