အက်စ်တွန်ဗီလာအသင်းက ဆူဇူကီးနဲ့ ရူဂါရီတို့အား စာချုပ်ချုပ်ဆိုခေါ်ယူ
အက်စ်တွန်ဗီလာအသင်းဟာ ဂျပန်ဂိုးသမား
ဆူဇူကီးနဲ့ အီတလီနောက်တန်းကစားသမား ရူဂါရီ တို့ကို စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
ဂိုးသမား ဆူဇူကီးဟာ အီတလီကလပ်ပါးမားအသင်းကနေ
ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ ဖြင့် အက်စ်တွန်ဗီလာအသင်းဆီ
ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အီတလီဘယ်နောက်ခံကစားသမား
ရူဂါရီ ကတော့ စပိန်လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ပေါင် ၁၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
အက်စ်တွန်ဗီလာအသင်းဟာ ဂိုးသမားမာတီနက်ဇ်
ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့ရန်စီစဉ်ခဲ့ချိန် ကတည်းက ဂိုးသမားဆူဇူကီးကို ခေါ်ယူဖို့ပစ်မှတ်ထားခဲ့တာဖြစ်ပြီး
မာတီနက်ဇ်ဟာ အက်စ်တွန် ဗီလာအသင်းအတွက် ယူရိုပါလိဂ်ဖလားရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဆူဇူကီးဟာ ဂျပန်နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ
နိုင်ငံတကာပွဲစဉ် ၂၈ ပွဲ ပါဝင်ကစားပေးထားတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အက်စ်တွန်ဗီလာအသင်းအနေနဲ့
အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ဂိုးသမား ဆူဇူကီးအား
အသင်းရဲ့ နံပါတ်တစ်ဂိုးသမားအဖြစ် ကာလကြာရှည်အသုံးပြုသွားရန် စီစဉ်ထားတာ လည်းဖြစ်ပါတယ်။
ဆူဇူကီးဟာ ပါးမားအသင်းနဲ့အတူ
နှစ်နှစ်ကြာကာလအတွင်း အီတလီစီးရီးအေ ပွဲစဉ်စုစုပေါင်း ၅၉ ပွဲ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ယူရိုပါလိဂ်ဖလားကို ရယူပေးနိုင်ခဲ့
နောက်ခံလူ ရူဂါရီကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းဆီ
မပြောင်းရွှေ့မီက အတ္တလန္တာ အသင်းနဲ့အတူ စီးရီးအေပွဲစဉ်
၁၀၀ ကျော် ပါဝင်ကစားပေးခဲ့ပြီး အတ္တလန္တာအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်

No comments