အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ်သို့ မြန်မာနိုင်ငံမှ ကျောင်းသားနှစ်ဦးနှင့် ကျောင်းသူသုံးဦးတို့ တက်​ရောက်ခွင့်ရရှိ



ရန်ကုန် သြဂုတ် ၂

 

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science Camp 2026) သို့ မြန်မာနိုင်ငံမှ ကျောင်းသားနှစ်ဦးနှင့် ကျောင်းသူသုံးဦးတို့ တက်​ရောက်ခွင့်ရရှိကြသည်။

 

အာရှသိပ္ပံ စခန်းချနေထိုင်ခြင်း အစီအစဉ်ကို ၂၀၀၇ ခုနှစ်မှစတင် ခဲ့ပြီး ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား၊ အစ္စရေး၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ် စ​သောအာရှတိုက်တွင်း နိုင်ငံများတွင် နှစ်စဉ်ကျင်းပခဲ့သည်။

 

အာရှတိုက်မှ နိုဘယ်ဆုရသိပ္ပံပညာရှင်​များ လာ​ရောက်၍ ကျောင်းသားကျောင်းသူ လူငယ်များနှင့်အတူ စခန်းချ​နေထိုင်ကြပြီး သိပ္ပံပညာရပ်ဆိုင်ရာ ​ဟော​ပြောပွဲ​များ၊ ​လေ့လာ​ရေးခရီးများ၊ သိပ္ပံပညာရပ်ဆိုင်ရာ ပြိုင်ပွဲ​များပါဝင်ကာ နှစ်စဉ်အာရှတိုက်မှ လူငယ် ၃၀၀ ခန့် ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

 

မျိုးမင်းသူရ

No comments

Powered by Blogger.