ငဝန်တာတမံနိမ့်ကျမှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်းနှင့် ရေစီးလမ်းကြောင်း ပိတ်ဆို့ကာကွယ်ခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်လျက်ရှိ
နေပြည်တော် ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာ မြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျမှု ဖြစ်ပေါ်ခဲ့မှုအပေါ် ရေတိုက်စားမှု ကာကွယ်ခြင်းလုပ်ငန်းနှင့် ရေစီးလမ်းကြောင်း ပိတ်ဆို့ကာကွယ် နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ကြည့်ရှုစစ်ဆေး
ယနေ့ ငဝန်မြစ်(လေးမျက်နှာမြို့)၏ မြစ်ရေမှတ်သည် ၂၈ ပေ ခန့်ရှိရာ မြစ်ရေမှတ်များ ကျဆင်း နေသည့်အတွက် ရေစီးဝင် လမ်းကြောင်း၏ လက်ယာဘက်ခြမ်းအား နိုင်လွန်ကြိုးပိုက်များဖြင့် ထုပ်ပြီး သဲအိတ်တွဲများချခြင်း၊ ဒဂုန်စာမရီ ရေယာဉ်ကြီးဖြင့် (အလျား လေးမီတာ၊ အကျယ် နှစ်မီတာ၊ ဒု သုည ဒသမ ၅ မီတာ) Geo Bag အိတ်ကြီးများချခြင်း၊ အလယ် ရေနက်ရေစီးကြောင်းတွင် Split Berge ရေယာဉ်ကြီးဖြင့် (အလျား ၁၀ မီတာ၊ အကျယ် နှစ်မီတာ၊ ဒု သုည ဒသမ ၅ မီတာ)နှင့် (အလျား ရှစ်မီတာ၊ အကျယ် နှစ်မီတာ၊ ဒု သုည ဒသမ ၅ မီတာ) Geo Bag အိတ်ကြီးများချခြင်း၊ လက်ဝဲဘက်ခြမ်းအား Steel Sheet Pile များ ရိုက်သွင်းခြင်း၊ စသည့် လုပ်ငန်းများအား အရှိန် အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ကြည့်ရှုစစ်ဆေးပြီး ရေတိုက်စားမှု ကာကွယ်ခြင်းလုပ်ငန်းနှင့် ရေစီးလမ်းကြောင်း ပိတ်ဆို့ ကာကွယ်ခြင်း လုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အတူ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တံတားဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ နည်းပညာ ကျွမ်းကျင်သူများ၊ ကျွမ်းကျင် လုပ်သားများ၏ ပေါင်းစပ်ဆောင်ရွက်နေမှုများ အပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
.jpg)
No comments