ထားဝယ်မြို့၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် အခမ်းအနားကျင်းပ

 


ထားဝယ် ဩဂုတ် ၃၁

 

၂ဝ၂၆ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ၂ဝ၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ထားဝယ်မြို့ ပုလဲဧကရီခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ကျောင်းကျန်းမာရေးလုပ်ငန်း ထူးချွန်ဆုရ ကျောင်းများအား ဆုများ ပေးအပ်သည်။

 

ထို့ပြင် အသက်ငါးနှစ်အောက်ကလေးများအား အင်အားပြည့်ဗီတာမင်အေ ဆေးလုံးတိုက်ကျွေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား အဏုအာဟာရဆေးပြားများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.