ကြံခင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်

 


ကြံခင်း ဩဂုတ် ၂၇

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်မီးသတ်ဦးစီးဌာနက ကြီးမှူး၍ ယနေ့မွန်းလွဲပိုင်းတွင် စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ပြုလုပ်သည်။

 

ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့် အချက်များ၊ အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံ၊ မီးသတ်ဆေးဘူးအသုံးပြု မီးငြှိမ်းသတ်ပုံ နည်းစနစ်များကို အသိပညာပေး ဟောပြောပြီး မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

 

ထို့နောက် ကျောင်းရှေ့ကွင်းပြင်တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဆီမီးကြောင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် အရေးပေါ် မီးငြှိမ်းသတ်ခြင်း၊ ရေစိုအဝတ်ဖြင့် အရေးပေါ် မီးငြှိမ်းသတ်ပုံများကို သရုပ်ပြသကာ ကျောင်းသား ကျောင်းသူများနှင့်အတူ လက်တွေ့လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)

No comments

Powered by Blogger.