ထိုင်းနိုင်ငံ၌ ဉာဏ်ရည်တုနည်းပညာအခမဲ့ သုံးစွဲမှုမြှင့်တင်ဆောင်ရွက်
ဗန်ကောက် ဩဂုတ် ၃၁
ထိုင်းနိုင်ငံသည် နိုင်ငံအတွင်း ဉာဏ်ရည်တုနည်းပညာအခမဲ့သုံးစွဲမှုမြှင့်တင်ရေးစီမံကိန်းတစ်ခုအား
ဩဂုတ် ၃၁ ရက်တွင်
စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
TH-AI Passport” project ဟု အမည်ရသည့် အဆိုပါစီမံကိန်းသည်
အသက် ၁၅ နှစ်နှင့်အထက်ရှိ နိုင်ငံသား ငါးသန်းအား ဉာဏ်ရည်တုနည်းပညာ အခမဲ့သုံးစွဲမှုမြှင့်တင်ရန်
အစိုးရက ကန်ဒေါ်လာ ၄၈ သန်းအကုန်အကျခံ ဆောင်ရွက်သည့် စီမံကိန်းဖြစ်သည်။ လုပ်ငန်းပေါင်း
၁၄ ခုမှ ဉာဏ်ရည်တုနည်းပညာ မော်ဒယ် ၃၀ ကို သုံးစွဲနိုင်မည်ဖြစ်သည်။ အဆိုပါဝန်ဆောင်မှုအား အသုံးပြုရန်အတွက်
နိုင်ငံသား ၁ ဒသမ ၃ သန်းက ကြိုတင်စာရင်းပေးခဲ့ကြောင်းနှင့် အဆိုပါစီမံကိန်းအရ နိုင်ငံသားများဉာဏ်ရည်တု နည်းပညာသုံးစွဲမှုမြှင့်တင်ရေး
ဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြောင်း အစိုးရကပြောကြားသည်။ Microsoft AI
Economy Institute၏ အစီရင်ခံစာအရ ထိုင်းနိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာ အသုံးပြုမှုနှုန်းသည် ဇန်နဝါရီလမှ မတ်လအတွင်း ၁၂ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာသော်လည်း ကမ္ဘာ့ပျမ်းမျှသုံးစွဲမှုရာခိုင်နှုန်းထက်
နိမ့်ကျနေကြောင်း သိရသည်။
အာရပ်စော်ဘွားများပြည်ထောင်စုသည်
ကမ္ဘာပေါ်တွင် AI အသုံးပြုမှုအမြင့်ဆုံးအဆင့် ၇၀ ဒသမ ၁ ရာခိုင်နှုန်းဖြင့်
ပထမနေရာတွင် ရပ်တည်နေပြီး
စင်ကာပူသည် ၆၃ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင်ရှိနေကာ နော်ဝေသည် ၄၈ ဒသမ ၆ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်
ရှိနေသည်။
ကိုးကား
- အင်န်အိတ်ချ်ကေ
ဘာသာပြန်
- စိုးသူရ

No comments