ဘားအံစက်မှုဇုန်အတွင်း လက်တွန်းထွန်စက်၏ တွဲဖက်ပစ္စည်းများနှင့် လယ်ယာသုံးကိရိယာများ တပ်ဆင်ထုတ်လုပ်လျက်ရှိ
ဘားအံ ဩဂုတ် ၃၁
လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို
အထောက်အကူပြုနိုင်ရန် ဘားအံစက်မှုဇုန် အတွင်းရှိ ရှိုင်းထူးကုမ္ပဏီမှ ကူဘိုတာအမှတ်တံဆိပ်
လယ်ယာသုံးစက်ပစ္စည်း တပ်ဆင်ထုတ်လုပ်ရေး စက်ရုံအတွင်း Engine Assembly Line တွင် ကူဘိုတာအင်ဂျင်များ၊
လက်တွန်းထွန်စက်၏ တွဲဖက်ပစ္စည်းများ၊ လယ်ယာသုံးကိရိယာများ တပ်ဆင်ထုတ်လုပ်လျက်ရှိသည်။
ကြည့်ရှုစစ်ဆေး
အဆိုပါ ရှိုင်းထူးကုမ္ပဏီမှ ထုတ်လုပ်ပြီးလယ်ယာသုံးပစ္စည်းများကို
ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးကြပြီး
လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် EV ယာဉ်များ၏ အဆင့်မြင့် လျှပ်စစ်စနစ်၊ ဘက်ထရီနည်းပညာ၊
ဝါယာရင်းနှင့် အီလက်ထရွန်နစ် ချို့ယွင်းချက်များကို ရှာဖွေပြုပြင် ထိန်းသိမ်းတတ်စေရန်
ဘားအံလူငယ်စင်တာခန်းမ၌ EV လျှပ်စစ်
မော်တော်ယာဉ် စနစ်တကျစစ်ဆေး ထိန်းသိမ်းခြင်း နည်းပညာမျှဝေမှု သင်တန်းကိုဖွင့်လှစ်ရာ
အဆိုပါ သင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် Arrow Auto
Engineering Co.,Ltd မှ ဖွင့်လှစ်သည့်သင်တန်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက
အမှာစကားပြောကြားကာ Arrow Auto Engineering Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍
ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ
၆ ရက်ထိ အခမဲ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၂၅ ဦး တက်ရောက်လျက်ရှိကာ
ပြည်နယ်ဝန်ကြီးချုပ်က သင်ထောက်ကူပစ္စည်းများနှင့် Arrow Auto Engineering Co., Ltd
မှ ဘားအံစက်မှုဇုန်တွင် ထုတ်လုပ်သည့် နှစ်ဘီး၊ သုံးဘီ EV ယာဉ်များကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးပါက
ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ၁၂၀ ခန့်ဖော်ဆောင်ပေးနိုင်မည့် Thai Fashion
Footwear Production & Trading Co.,Ltd ၏ Thai Fashion ရော်ဘာညှပ်ဖိနပ်စက်ရုံ၏
ဘားအံစက်မှုဇုန်အတွင်း စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်ကို
သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ရုံအမြန်ဆုံး တည်ဆောက်ပြီးစီး
လည်ပတ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments