တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တက်ရောက်ရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ပြည်သူ့လွှတ်တော် ထုတ်ပြန်
နေပြည်တော် ဩဂုတ် ၃၁
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာထားရာ အဆိုပါ အစည်းအဝေးသို့တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးပို့ ထားပါသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော် ပြည်သူ့လွှတ်တော်ရုံး ရေးရာဆောင်အမှတ် - ၁ (I - 1) သို့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် (သောကြာနေ့) ထက်မစော စက်တင်ဘာလ ၁၉ ရက် (စနေနေ့)ထက် နောက်မကျစေဘဲ ရုံးချိန်အတွင်း သတင်းပို့ကြရန်နှင့် လွှတ်တော် ကိုယ်စားလှယ်စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန် ဖြစ်ပါသည်။
သတင်းစဉ်

No comments