တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး တက်ရောက်ရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် အမျိုးသားလွှတ်တော် ထုတ်ပြန်



နေပြည်တော် ဩဂုတ် ၃၁


တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက် (အင်္ဂါနေ့) နံနက် ၁၀  နာရီ အချိန်တွင် စတင်ကျင်းပရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။


အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိ သည်ဖြစ်စေ နေပြည်တော် အမျိုးသားလွှတ်တော်ရုံးရေးရာ ဆောင်အမှတ်- ၁၉ (I –19)သို့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် (စနေနေ့) ထက်မစော စက်တင်ဘာလ ၂၀ ရက် (တနင်္ဂနွေနေ့) ထက် နောက်မကျစေဘဲ ရုံးချိန်အတွင်း သတင်းပို့ကြရန်နှင့် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန် ဖြစ်ပါသည်။


သတင်းစဉ်

No comments

Powered by Blogger.